Local News

ဧည့်မထဆန်(ဟောင်း)၊ ဧည့်မထဆန်(သစ်)နှင့် ပေါ်ဆန်းမွှေးဆန် ဈေးများတည်ငြိမ်လျက်ရှိပြီး ဆန်ကွဲB(1,2)၊ ဆန်ကွဲB(2,3,4) နှင့် ဖွဲနု ဈေးများမြင့်တက်

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၁၅.၁၂.၂၀၂၅)ရက်နေ့တွင် ဧည့်မထ ဆန်(မနောသုခ)(ဟောင်း)တစ် အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ် အိတ် ၁၂၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၃၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၀၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၂၆၄၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၂၂.၁၂.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၂၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၂၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၆၅၂၀ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက် ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဆန်ကွဲB(1,2)တစ်အိတ် ၂၀၀ဝကျပ်၊  ဆန်ကွဲB(2,3,4) တစ်အိတ် ၂၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၁၂၀ကျပ် ဈေးများမြင့်တက်ကာ ဧည့်မထဆန်(မနောသုခ) (ဟောင်း)၊ ဧည့်မထဆန်(မနောသုခ)(သစ်)  နှင့် ပေါ်ဆန်းမွှေးဆန်  ဈေးများတည်ငြိမ်လျက်ရှိပါသည်။ ဆန်ကွဲB(1,2)၊ ဆန်ကွဲB(2,3,4)နှင့် ဖွဲနုဈေးများမြင့်တက်သွားခြင်းမှာ ဆန်လက်ကျန်များ၍ စပါးကြိတ်ခွဲ မှုနည်းသွားကာ ဆန်ကွဲ၊ဖွဲနုလက်ကျန်များ နည်းသွားပြီး ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်သွား ခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

 

Category: Local News